3
Exe ကနေ Apk file သို့ ဘယ်လိုပြောင်းမလဲ 

အခုဆိုရင် သင့်Androidမိုဘိုင်းဖုန်းပေါ်မှာ Windows file တွေကို Android applications များ အဖြစ်သို့ ပြောင်းလဲနိုင်ပါပြီ။ဒါဟာ သင့်Androidမိုဘိုင်းဖုန်းပေါ်မှာ Windows applications တွေကို 

အသုံးပြုဖို့ အကူအညီဖြစ်ပါလိမ့်မယ်။Exe ဖိုင်ကနေ Apk ဖိုင်အဖြစ်ပြောင်းလဲဖို့ အလွန် လွယ်ကူပါတယ်။Executable(Exe) ဖိုင်ဟာ Windows applications ဖြစ်တဲ့အတွက် ကျွန်တော်တို့ဟာ 

Androidမိုဘိုင်းဖုန်းတွေပေါ်မှာ တိုက်ရိုက်မမောင်းနှင်နိုင်ပါဘူး ဘာကြောင့်လဲဆိုတော့ Android ဖုန်းတွေက Android Application Package(APK) ဖိုင်တွေကိုပဲ အထောက်ပံ့ပေးလို့ပါ။ဒါကြောင့် 

Exe ဖိုင်ကနေ Apk ဖိုင်အဖြစ်သို့ပြောင်းလဲရန် လိုအပ်ပါတယ်။အခုကျွန်တော် ပေးတဲ့ software ကိုသုံးခြင်းအားဖြင့် Windows applications တွေ tools တွေ games တွေကို Android ဖုန်းပေါ်မှာ 

အသုံးပြုနိုင်မှာပါ။သင်ဟာ Android ပေါ်မှာ Exe ဖိုင်ကို မောင်းနှင်နိုင်ပါပြီ :)။ဘယ်Exeဖိုင်ကိုမဆို Apk ဖိုင်အဖြစ်ပြောင်းချင်တယ်ဆိုရင်တော့ ဒီပို့စ်လေးကို ဖတ်ပေးပါ။


Exe ကနေ Apk file သို့ ဘယ်လိုပြောင်းမလဲ 

ဒီပို့စ်လေးမှာ သင်ကိုယ်တိုင် Exe ဖိုင်မှ Apk ဖိုင်အဖြစ်သို့ပြောင်းလဲဖို့ သတင်းအချက်အလက်အပြည့်အ၀ပေးပါ့မယ်။ဒီလုပ်ငန်းစဉ်လေးက အလွန်လွယ်ကူ ရိုးရှင်းပါတယ်။သင့်ရဲ့ကိုယ်ပိုင် 

အချိန်ထဲက ၁၀ မိနစ်လောက်သာ ယူမှာပါ။ဒီလုပ်ငန်းစဉ်မှာ ကျွန်တော်တို့ဟာ (Change my software and Applocations in Exe file) ကဲ့သို့ Software အနည်းငယ်ရှိဖို့လိုအပ်ပါတယ်။

အောက်က ရှင်းလင်းထားတဲ့ အဆင့်တွေကို ကြည့်လိုက်ပါနော်။

အဆင့် ၁ ။ ပထမဆုံးအနေနဲ့ Exe to Apk Converter Software ကို သင့် Computer ပေါ်သို့ဒေါင်းလိုက်ပါ
Download- EXE to APK Converter Tool

အဆင့် ၂ ။ ဒေါင်းပြီး ရလာတဲ့ Software ကို ဖြည်ပြီး EXE to APK Converter Tool ကို ဖွင့်ပါ


အဆင့် ၃ ။ Software ကိုဖွင့်ပြီးတဲ့အခါမှာ I have a portable application. ကိုရွေးချယ်ပါ။


အဆင့် ၄ ။ Computer ပေါ်မှာရှိတဲ့ Exe ဖိုင်ကိုရွေးပေးပါ၊တခာတလေမှာ Exe ဖိုင် Upload လုပ်တာ အချိန်အနည်းငယ်ကြာတတ်ပါတယ် ၊ Upload ပြီးသွားတဲ့အချိန်ကြရင် Convert button ကိုနှိပ်ပါ၊ အောက်ကပုံကို ကြည့်နိုင်ပါတယ်။


အဆင့် ၅ ။ အခုဆိုရင် ဖိုင်ကို စတင်ပြောင်းလဲနေပါပြီ၊ဖိုင်အရွယ်အစား ပေါ်မူတည်ပြီး အချိန်အနည်းငယ်ကြာပါလိမ့်မယ်။ဖိုင်ပြောင်းနေတဲ့အချိန် မှာ ဟိုကလိဒီကလိ မလုပ်ပါနဲ့ ဒီတိုင်းလေးလွှတ်ထားပေးလိုက်ပါ :) (ထိုင်ကြည့်နေပေါ့ ဟီး)


အဆင့် ၆ ။ ဖိုင်ပြောင်းပြီးသွားတဲ့အခာမှာ အောက်ကပုံအတိုင်း Success! လို့ပြပါလိမ့်မယ်။


အခုဆိုရင် ပြောင်းပြီးသွားတဲ့ EXe ဖိုင်ကို Android Phone မှာသွင်းပြီး သုံးနိုင်ပါပြီဗျာ :)

အခု tutorial မှာအဓိက လိုအပ်တာက Exe to Apk converter software ပါ ၊ Software ကအခမဲ့ပါ ၊ အခက်အခဲဖြစ်နေရင် အောက်မှာ စာချန်ခဲ့နိုင်ပါတယ် ကျွန်တော် 

သိသလောက်ဖြေကြားပေးမှာပါ

Post a Comment

  1. Google Clodကနေ ဘာတစ်ခုမှ Downလို့မရဘူးဗျာ
    ကျေးဇူးပြု၍ တစ်ခြား cloudလေးနဲ့ Linkပြန်ပေးခဲ့ပါဦး

    ReplyDelete
  2. firmware dloadနဲ့ဟာကိုfP firmwareဘယ်လို့ ပြောင်းလည်းအကို

    ReplyDelete
  3. exe to apk converter link လေး share ပေးပါ

    ReplyDelete

 
Top